2122

တအာင်းပြည်အတွင်း သတင်းသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် သတင်းစာပညာ ဒီပလိုမာသင်တန်းကျောင်း အပတ်စဉ် (၁) အတွက် သင်တန်းသူ/သားများခေါ်ယူနေကြောင်း အသိပေးအပ်

ဒေသတွင်းသတင်း / ဒေသတွင်း
03 September 2026

တအာင်းပြည်အတွင်း သတင်းသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် သတင်းစာပညာ ဒီပလိုမာသင်တန်းကျောင်း အပတ်စဉ် (၁) အတွက် သင်တန်းသူ/သားများခေါ်ယူနေကြောင်း အသိပေးအပ်

နမ့်ဆန်၊ စက်တင်ဘာ ၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်အတွင်း တအာင်းလူငယ်သတင်းသမားကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍  ရွှေဖီမြေသတင်းအေဂျင်စီ-SPMမှ ဦးဆောင်ဖွင့်လှစ်မည့် သတင်းစာပညာ ဒီပလိုမာ (Diploma in journalism) သင်တန်းကျောင်း အပတ်စဉ် (၁)အတွက် သင်တန်းသူ/သားများခေါ်ယူနေကြောင်း SPMမှ ထုတ်ပြန်ခဲ့ပါသည်။ 



အဆိုပါသင်တန်းကျောင်းကို လျှောက်ထားလိုသူများအနေဖြင့် ပညာအရည်အချင်းသည် စနစ်ဟောင်း (၁၀) တန်း (သို့မဟုတ်) စနစ်သစ် (၁၂) တန်း အောင်မြင်သူဖြစ်ရမည်။ ထို့နောက် အကျင့်စာရိတ္တကောင်းမွန်၍ အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြား လူငယ်များဖြစ်ရမည်ဖြစ်ပြီး မိမိ နေထိုင်ရာဒေသအကြောင်းနှင့် သတင်းမီဒီယာဘာသာရပ်ကို စိတ်ဝင်စားသူလည်း ဖြစ်ရမည်ဟု ဖော်ပြထားပါသည်။



ယင်းသင်တန်းကာလတွင် စွမ်းရည်မြင့်တင်ရေး ဘာသာရပ်များ၊ သတင်းရေးသားနည်း၊ သတင်းဓာတ်ပုံ ရိုက်ကူးနည်း၊ ဗီဒီယိုရိုက်ကူးတည်းဖြတ် တင်ဆက်နည်း၊ သတင်းဆောင်ပါးရေးသားနည်း၊ အခြားသတင်းစာပညာရပ်များ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလအားဖြင့် (၁၅) လ ကြာမြင့်မည်ဖြစ်သည်။ ၎င်းသင်တန်းကို လျှောက်လိုသူများသည် စက်တင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက သတင်းစာပညာဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်သွားမည်ကာ သင်တန်းပြီးဆုံးသူများအနေဖြင့်  ဌာနအတွင်း အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။


၎င်းသင်တန်းကျောင်းဖွင့်လှစ်ရခြင်းသည် သတင်းစာပညာကို သင်ယူတက်မြောက်စေရန်နှင့် လူငယ်များ မွေးထုတ်ပေးနိုင်ရန်၊ တအာင်းဒေသအတွင်း သတင်းသမားများ ပေါ်ထွက်လာစေရန်၊ သတင်းရယူရန် ခက်ခဲသည့်ဒေသများနှင့် လက်ရှိ မိမိဒေသအတွင်း ကြုံတွေ့နေရသည့် လူ့အခွင့်အ‌ရေး ချိုးဖောက်ခံရမှုစသည့်သတင်းအချက်အလက်များ ရရှိစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။



Website Official
www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV



YouTube Official
https://www.youtube.com/@pslftnlanews



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း သတင်းသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် သတင်းစာပညာ ဒီပလိုမာသင်တန်းကျောင်း အပတ်စဉ် (၁) အတွက် သင်တန်းသူ/သားများခေါ်ယူနေကြောင်း အသိပေးအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်