2124

BEAM Education Foundation နှင့် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပူးပေါင်း၍ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) လျှောက်လွှာစတင်ခေါ်ယူနေကြောင်း အသိပေးအပ်

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2026

BEAM Education Foundation နှင့် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပူးပေါင်း၍ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) လျှောက်လွှာစတင်ခေါ်ယူနေကြောင်း အသိပေးအပ် 


နမ့်ဆန်၊ စက်တင်ဘာ ၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်အတွင်းရှိကျောင်းများတွင် Grade-12 အောင်မြင်ပြီးမြောက်ထားသူများနှင့် အဆင့်မြင့်ပညာရေးသို့ ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသူ/သားများအား နိုင်ငံတကာအသိအမှတ်ပြုသည့် အဆင့်မြင့်ပညာရေးလက်လှမ်းမှီစေရန် ရည်ရွယ်၍ BEAM Education Foundation နှင့် TLEC မှ ပူးပေါင်းကာ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) ကို စက်တင်ဘာလ (၂) ရက်နေ့မှစတင်၍ စတင်ခေါ်ယူနေကြောင်း TLEC မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။


လျှောက်ထားသူများအနေဖြင့် အသက် (၁၈) နှစ်နှင့် (၃၅) နှစ်ကြားရှိရမည်ဖြစ်ပြီး တအာင်းဒေသတွင် နေထိုင်သူများဖြစ်ရမည်။ အင်္ဂလိပ်စာအဆင့်အနေဖြင့် Upper Intermediate အဆင့်ရှိရန်လိုအပ်ပြီး TLEC ၏ အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးမြောက်ထားသူများဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် TLEC ၏ စီမံခန့်ခွဲမှုအောက်တွင် သင်ယူလေ့လာနိုင်သူဖြစ်ပြီး GED အောင်မြင်ပြီးမြောက်ပါက အဆင့်မြင်ပညာရေး (သို့မဟုတ်) အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်တက်ရောက် သင်ကြားလိုသောသူများ ဖြစ်ရမည်ဖြစ်သည်။


သင်တန်းကာလသည် (၁၅) လတာကြာမြင့်ကာ လစဥ် စားသောက်စရိတ် (၁) သိန်းခွဲပေးသွင်းရမည် ဖြစ်ပြီး ဘဏ္ဍာရေးအခက်အခဲရှိပါက အကြောင်းအရင်းတင်ပြ၍ ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်ထားသည့်စည်းမျဥ်းများကို လိုက်နာပြီး အရည်အချင်း စစ်ဆေးသတ်မှတ်ခြင်း (Placement Test) အောင်မြင်သူများကို TLEC မှ ပညာရေးထောက်ပံ့ကြေးအဖြစ် စာမေးပွဲကြေး (Exam Fee) ထိုင်းငွေ ဘတ် (၁၀၀၀) ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။


သင်ကြားရေးကာလတွင် အဓိက ဘာသာရပ် (၄) ခုဖြစ်သည့် English၊ Mathematics၊ Social Studies နှင့် Science တို့ကို သင်ကြားပေးမည်ဖြစ်သည်။ သင်ယူမှုပုံစံသည် BEAM Education Foundation မှ Online စနစ်ဖြင့် တိုက်ရိုက်ပို့ချပေးမည်ဖြစ်ပြီး TLEC မှ စာသင်ခန်းအတွင်း နည်းပညာပိုင်းဆိုင်ရာကူညီပေးခြင်းနှင့် ပြန်လည်ဆွေးနွေးပေးခြင်းများကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


သင်တန်းအောင်မြင်ပြီးမြောက်သူများအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်လူမှုသိပ္ပံဌာနမှ ချီးမြှင့်သော သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိမည်ဖြစ်ပြီး ၎င်း၏ မိတ်ဆက်နိုင်ငံခြားတက္ကသိုလ်များသို့ ပညာဆက်လက်တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။


အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ (၂) ရက်နေ့နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး Google Form (https://forms.gle/rMLRetsoAhSduH3b8) (သို့မဟုတ်) QR Code Scan ဖတ်၍ လျှောက်ထားနိုင်ပါသည်။ ထို့ပြင် သင်တန်းအသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉ ၂၆၂၆၁၄၇၈၆/ ၀၉ ၂၅၅၉၂၉၉၁၁ သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။


Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: BEAM Education Foundation နှင့် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပူးပေါင်း၍ (၁၅) လတာ GED သင်တန်းအပတ်စဥ် (၁) လျှောက်လွှာစတင်ခေါ်ယူနေကြောင်း အသိပေးအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်