2166

တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
21 September 2026

တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့်  ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

နမ့်ဆန်၊ စက်တင်ဘာ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့၊ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။




တွေ့ဆုံဆွေးနွေးပွဲတွင် တအာင်းပြည်ပညာရေးကောင်စီ အတွင်းရေးမှူးမှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့ပြီးနောက် ဒါရိုက်တာဖြစ်သူက တွေ့ဆုံဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများနှင့် တာဝန်ရှိသူများအကြား အပြန်အလှန် ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။


ထို့အပြင် ကျောင်းသား/သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အဓိကအားဖြင့် ယခုနှစ်တွင် စတင်အသုံးပြုသွားမည့် ကိုယ်ပိုင်စစ်ဆေး အကဲဖြတ်ခြင်းစနစ်၊ ဒေသတွင်း လိုအပ်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ ပညာသင်ဆု (Scholarship) ရရှိနိုင်မည့် အခွင့်အလမ်းများ၊ ကျောင်းဝတ်စုံ (School Uniform) နှင့် ဆက်စပ်ကိစ္စရပ်များစသည့် အကြောင်းအရာများကို ဦးစားပေး အလေးထား ဆွေးနွေးခဲ့ကြသည်။




ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းသည် ကျောင်းသား/သူများ၏ ပညာရေးလိုအပ်ချက်များနှင့် အခက်အခဲများကို တိုက်ရိုက်ဆွေးနွေးမေးမြန်းနိုင်စေရန်၊ ပညာရေးမူဝါဒများနှင့် စစ်ဆေးအကဲဖြတ်ခြင်းစနစ်အသစ်များကို ရှင်းလင်းအသိပေးရန်နှင့် ဒေသတွင်း ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။




အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ တာဝန်ရှိသူများ၊ အ.ထ.က (၁) ကျောင်းမှ ဆရာ/မများ၊ Grade-9, Grade-10, Grade-11 နှင့် Grade-12 အတန်းတို့မှ တက်ရောက်ကြသည့် ကျောင်းသား/သူများအပါအဝင် စုစုပေါင်း (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။


Website Official

www.taangland.org



Telegram Official Channel
https://t.me/pslftnlanews



Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV


YouTube Official
https://www.youtube.com/@pslftnlanews


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ နမ့်ဆန်မြို့ အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်