2178

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စွမ်းရည်မြင့်တင်‌ရေးလုပ်ငန်းစဉ်၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၁၀) ဦး စတင်ခေါ်ယူနေ

ဒေသတွင်းသတင်း / ဒေသတွင်း
25 September 2026

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စွမ်းရည်မြင့်တင်‌ရေးလုပ်ငန်းစဉ်၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၁၀) ဦး စတင်ခေါ်ယူနေ

နမ့်ဆန်၊ စက်တင်ဘာ ၂၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်အတွင်းရှိ၊ အမျိုးသမီးဆိုင်ရာလုပ်ငန်းများအား ပိုမိုဖော်ဆောင်နိုင်ရေးအတွက် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန-WDD မှ  လုပ်ဆောင်လျက်ရှိပြီး စွမ်းရည်မြင့်တင်‌ရေးလုပ်ငန်းစဉ်တွင် တာဝန်ထမ်းဆောင်ရန် Focal Person ရာထူးအတွက် ဝန်ထမ်း (၁၀) ဦး စတင်ခေါ်ယူနေကြောင်း ယင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။

 


အဆိုပါ ရာထူးအတွက် လျှောက်ထားလိုသူများသည် တအာင်းဒေသအတွင်း သွားလာနိုင်သူ၊ ဆိုင်ကယ်မောင်းနှင်နိုင်သူ၊ မြန်မာဘာသာစကား ရေး၊ ဖတ်၊ ပြော အသင့်အတင့်တတ်မြောက်သူနှင့် အမျိုးသမီးရေးရာလုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နိုင်သူများ ဖြစ်ရမည်ဖြစ်သည်။



ခန့်အပ်ခံရသူများသည် တအာင်းပြည်အတွင်းရှိ အမျိုးသမီးများနှင့် မိဘပြည်သူများအတွက် အမျိုးသမီးအခွင့်အရေးနှင့် ဘဝတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အကြမ်းဖက်ခံရသည့်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အချက်အလက်များ ကောက်ယူတင်ပြခြင်းနှင့် လစဉ်အစီရင်ခံစာများတင်ပြခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အစမ်းခန့်ကာလအားဖြင့် (၃)လ သတ်မှတ်ထားသည်။




လျှောက်လွှာများကို အောက်တိုဘာလ (၂၅) ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်လွှာပုံစံ (Google Form) မှတစ်ဆင့် (သို့မဟုတ်) သက်ဆိုင်ရာဌာနရုံးသို့ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက် (CV)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအတွေ့အကြုံနှင့်ပတ်သက်သည့်သင်တန်းဆင်းလက်မှတ်နှင့် ကျေးရွာ၏ ထောက်ခံစာများ ပူးတွဲတင်ပြရမည်ဖြစ်သည်။



အဆိုပါ လျှောက်လွှာများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အီးမေးလ်[email protected] (သို့မဟုတ်) ဖုန်း- 09-679 868 441/ 09-673 506 524 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။




Website Official

www.taangland.org



Telegram Official Channel

https://t.me/pslftnlanews



Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV



YouTube Official

https://www.youtube.com/@pslftnlanews



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စွမ်းရည်မြင့်တင်‌ရေးလုပ်ငန်းစဉ်၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၁၀) ဦး စတင်ခေါ်ယူနေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်