တအာင်းပြည်၊ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၅,၀၀၀) ကျော်ကို စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်တွင် သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု (၄၆)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူလူထု (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁၂)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ ဓမ္မာရုံ (၁)ရုံ၊ ကား (၇)စီးနှင့် ဆိုင်ကယ် (၃)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
လူကြည့်အများဆုံး သတင်းများ