ခေဲင်အူနှာ ဖုင်ပလိက်ကုင်တအာင်းဂဲ ရေဲန်ဇီုင်းကာန်တီုက်ယာႈအရေးခံင်ယိူည်ႇဒိူန် ဘိူန်းတိုည်းတိုအီးဒါခံင်ယိူည်ႇ (9)အီး ခေဲင်လှံင်ရူကော
ရူကော၊ ကျံရ်ပူရ်၊ ဆငည်း(10)
ဆဒါင်ကုင်တအာင်း
ကုင်တအာင်း၊ အိူင်ရူကော၊ ကျံရ်ပူရ်၊ ခေဲင်အူနှာ ဖုင်ပလိက်ကုင်တအာင်းဂဲ ရေဲန်ဇီုင်းကာန်တီုက်ယာႈအရေးခံင်ယိူည်ႇဒိူန် ဘိူန်းတိုည်းတိုအီးဒါခံင်ယိူည်ႇ ကောန်အီပ်ုန်(1)အီး ကစုကပိုမ်(9)အီး ခေဲင်လှံင်ရူကော။
ဘံန်ဟောည်ႇဒေဲႈ ကျံရ်ပူရ်၊ ဆငည်း(1)ဒိူန် ဖုင်ပလိက်လှံင်ဂဲ စေတ်မေန်း ပဂိတ်လီပ်ခေဲင်ကုင်၊ ရေဲန်ဇီုင်းကာန်တီုက်ယာႈအရေးခံင်ယိူည်ႇ ဘိူန်းတိုည်း တာအဂျား ဘိူန်းအဆာက်(54)ဆန်ုမ်၊ တာအဆဲင် ဘိူန်းအဆာက်(34)ဆန်ုမ်၊ တာအံင်တာန်း ဘိူန်းအဆာက်(37)ဆန်ုမ်၊ တာလှစော် ဘိူန်းအဆာက်(35)ဆန်ုမ်၊ မာည်းစော်ဆဲင် ဘိူန်းအဆာက်(29)ဆန်ုမ်၊ တာတာန်းထူန်း ဘိူန်းအဆာက်(43)ဆန်ုမ်၊ တာပေါက်လာ ဘိူန်းအဆာက်(65)ဆန်ုမ် ကာည်း ယာခံမ်းယဥ် ဘိူန်းအဆာက်(38)ဆန်ုမ်ဂဲဒီန် ဘိူန်းတိုည်းကဂေါပ်တောပ် ဂြိုခြီုင်းပ်ုန်ဒါခံင်ယိူည်ႇ။

ဆဲႈဒီန် ကျံရ်ပူရ်၊ ဆငည်း(7) ဖုင်ပလိက်လှံင်ဂဲ ရေဲန်ဇီုင်းကာန်တီုက်ယာႈအရေးခံင်ယိူည်ႇ စေတ်မေန်း ခေဲင်ရဝ်စေကာ် ဘိူန်းတိုည်း တာအံင်ဆဲင် ဘိူန်းအဆာက်(41)ဆန်ုမ် တောပ် ခံင်ယိူည်ႇလူည်။
ပ်ုန်ဘိူန်းတိုည်း ဖုင်ပလိက်ကုင်တအာင်းဂဲ အီဒါခံင်ယိူည်ႇ(9)ဒီန် နံင်တိူဝ်ႈလာည်းဟာဝ်းအရေး တောပ်လိူည်ဘည်ဥပဒေ တီုက်ယာႈအရေးခံင်ယိူည်ႇ PSLF/TNLA နံင်တိုန်းဟာဝ်းကဲႎီရ်ဘြဲဆားအကျံင် ပဂါင်ဆငါး ကာည်း ရေဲန်ဟာဝ်းဇီုင်းကာန် ကခံပ်ကယည်ဘည်ဒဲႈလောင်ပိင်ငျာကဲနီန်။
မိုႈဘို ဘံန်ဟောည်ႇဒေဲႈ ကျံရ်ပူရ်၊ ဆငည်း(6) ပရဝ်မာန်အော်င် အခိင်ဖုင်ကောန်တဘိုက်ရဝ်ဂဲ ရေဲန်ဇီုင်းကာန်တီုက်ယာႈအရေးခံင်ယိူည်ႇဒိူန် ဘိူန်းတိုည်းတိုအီးဒါ အီမာည်း(4)အီး ဟောည်ႇအာပ်ဒဲႈဟာဝ်း တဖုင်ပလိက်လှံင်အေဲမ်ခြီရ်။
#PSLF/TNLA
#တီုင်ပ္လေႈလေႈဆဒါင်
Comment Lists