အယ်လ်နီညို၏ သက်ရောက်မှုများနှင့် အပူဒဏ်၊ သဘာဝဘေးအန္တရာယ်များအတွက် ပြည်သူများ ကြိုတင်ပြင်ဆင်ရန်လိုအပ်

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာသည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေသအလိုက် အပူလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ ရုတ်တရက်မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနိုင်သည်။

ယခုဖတ်ရန်
သတင်း

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ အခြေချသည့် တပ်များဖြစ်သည်။ တိုက်ပွဲကာလအတွင်းလည်း ၄င်းတပ်ရင်း၊ တပ်ဖွဲ့များသည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့သည်။

သတင်း

နောင်ချိုရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင် နံနက် (၁၀)နာရီမှ ညနေ (၄း၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့နယ် တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာတွင် တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိထားသည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ နံနက် (၅)နာရီအချိန်၌ စတင်တိုက်ခိုက်ပြီး ညနေ (၄)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရွှေလိပ်ပြာစခန်းတွင်လည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ခမရ(၁၁၄)တပ်စခန်းနှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့အား သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များ သိမ်းပိုက်ရရှိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

10 October 2026