မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ

ယနေ့ ညနေ (၇)နာရီ၀န်ကျင်အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး အမျိုးသမီ (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထု နေအိမ်(၁၀)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ယခုဖတ်ရန်
သတင်း

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၇) ရက်မြောက် နောက်ဆုံးရ စစ်ရေးတိုက်ပွဲသတင်းများ၊ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို ပစ်ခတ်တိုက်ခိုက်

သတင်း

နောင်ချိုတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၂)ပတ်ကြာ ဇူလိုင် ၁၀ ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ - ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

သတင်း

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၆) ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့

သတင်း

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၅) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုရှိ

သတင်း

ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

သတင်း

နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် (၆)မိုင်ကုန်း ကြားတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့ ဇူလိုင် ၆ရက်နေ့တွင် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁၀) ကြိမ်၊ Y12 ဖြင့် ဗုံး (၅၀)လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ လားရှိုးမြို့နယ် အီနိုင်းရွာနှင့် (၁၀)မိုင်ကုန်း ကြားတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်းသို့ ညနေ (၆း၄၂)နာရီအချိန် Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်။

သတင်း

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ အခြေချသည့် တပ်များဖြစ်သည်။ တိုက်ပွဲကာလအတွင်းလည်း ၄င်းတပ်ရင်း၊ တပ်ဖွဲ့များသည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

10 October 2025