မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ

ယနေ့ ညနေ (၇)နာရီ၀န်ကျင်အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး အမျိုးသမီ (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထု နေအိမ်(၁၀)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ယခုဖတ်ရန်
သတင်း

မိမိတို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် မဟာမိတ် KIA တို့အကြား မြေပြင် ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက်မကြီးထွားစေရန်အတွက် PSLF/TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ မန်တုံမြို့သို့ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ သွားရောက်ကာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ စျေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့ပါသည်။

သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် ​ပြည်သူများကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ(၄)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁း၄၁)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၄၅)မိနစ်တွင် တစ်ကြိမ်၊ (၁၁း၅၁)မိနစ်တွင် တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး (၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

10 October 2025