၁၀၂၇ စစ်ဆင်ရေး

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၏ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့ပြီး ပြင်းထန်နေဆဲဖြစ်သည်။ ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်ရယူလိုက်ပြီးသည့်နောက်ပိုင်းတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့များမှ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများ၊ တပ်မဌာနချုပ်၊ အမြောက်တပ်စခန်းများနှင့် ရဲတပ်ရင်းဌာနချုပ်များကိုပါ မဟာဗျူဟာမြောက်စွာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ ပေါက်တောမြို့ပေါ်တိုက်ပွဲ (မြို့သိမ်းတိုက်ပွဲ) သည်လည်း ပါဝင်ခဲ့သည်။ 

၁၀၂၇ စစ်ဆင်ရေး

ပြည်သူ့အာဏာကို မတရားသဖြင့်ရယူထားသော အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းယူထားခဲ့သည့် (၃) နှစ်ပြည့်နေ့တွင် စစ်ကောင်စီအနေဖြင့် စစ်ရေးအရရှုံးနိမ့်နေမှုများကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားနေသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံတကာမှ လူကြားကောင်းစေရန်နှင့် နိုင်ငံရေးလူရာဝင်စေရန် နောက်ထပ်ခြောက်လသက်တမ်းတိုးသည့်လုပ်ရပ်မှာ အများထင်မှတ်ထားသောလုပ်ရပ်သာဖြစ်ခဲ့သည်။ 


၁၀၂၇ စစ်ဆင်ရေး

“ဟိုင်ဂင်သဘောတူညီမှု” နောက်ပိုင်းမှစ၍ ရှမ်းမြောက်ဒေသအတွင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ရှားရာနေရာများ၌ တိုက်ပွဲများသိသိသာသာလျော့နည်းသွားသော်လည်း အခြားတစ်ဖက်တွင် ရက္ခိုင်ဒေသနှင့် ရက္ခိုင့်တပ်တော်လှုပ်ရှားသည့် ရှမ်းမြောက်မဟုတ်သောဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်၊ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေး

၁၀၂၇ စစ်ဆင်ရေး၏ (၉၆) ရက်မြောက်နေ့တွင်လည်း လွန်ခဲ့သော ရက်သတ္တပတ်(၂) ပတ်နည်းတူ ကိုးကန့်နှင့် တအောင်း ဒေသများတွင် ထိတွေ့တိုက်ပွဲများ ကြီးကြီးမာမား မရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသတွင် ယခင်ရက်များနည်းတူ တိုက်ပွဲများမှာ ပုံမှန်အတိုင်းရှိနေပြီး ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံစစ်တို့အကြား တိုက်ပွဲများ  ပြင်းထန်ခဲ့သည်။


၁၀၂၇ စစ်ဆင်ရေး

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေးကြီး၏ (၉၅) ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သကဲ့သို့ မိမိတို့၏ စစ်ဆင်ရေး (၃) လတာအတွင်း သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံ‌ရေးရည်မှန်းချက်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။ 


၁၀၂၇ စစ်ဆင်ရေး

ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ စုပေါင်းပြီးစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြီးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် (၃) လတိတိပြည့်ခဲ့ပြီဖြစ်သည်။ မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့သည် စစ်ရှုံး မင်းအောင်လှိုင် ခေါင်းဆောင်နေသောစစ်ကောင်စီမှ အာဏာသိမ်းသည့် ရက်ပေါင်း (၉၉၉) ရက်ပြည့်မြောက်သည့်နေ့၌ စတင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ကုန်ဆုံးလျှင်ပင် စစ်ကောင်စီမှ အာဏာသိမ်းသည့် အချိန် (၃) နှစ်ပြည့်တော့မည်ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက် အထိ စစ်ဆင်ရေးသုံးလတာပြည့်သည့်တိုင် မိမိတို့၏စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001)  မျှပင် လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။


၁၀၂၇ စစ်ဆင်ရေး

စခန်းတစ်ခုပြီးတစ်ခုကို နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရသော စစ်ရှုံးစစ်ကောင်စီသည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုများကိုသာ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မြို့ရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုသာ အဓိကထားပြုလုပ်လျက်ရှိသည်။ ဤကဲ့သို့သော စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ယုတ်မာသောလုပ်ရပ်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပျက်လျက်ရှိသည်။


၁၀၂၇ စစ်ဆင်ရေး

၁၀၂၇ စစ်ဆင်ရေးကြီး (၃) လပြည့်ရန် တစ်ပတ်အလိုဖြစ်သည့် (၈၅) ရက်မြောက်နေ့တွင်လည်း မိမိတို့ညီနောင် (၃) ဖွဲ့ သည် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ၏ ဦးတည်ချက်မပြောင်းလဲဘဲ ဆက်လက်ချီတက်နေဆဲဖြစ်သည်။

လူကြည့်အများဆုံး သတင်းများ

02 May 2025