တအာင်းပြည် ပညာရေးကောင်စီ-TLEC မှ Teacher Manual နှင့် Education Policy ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

တအာင်းပြည် ပညာရေးကောင်စီ-TLEC သည် သင်ကြားရေးအရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ လက်တွေ့မြေပြင် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ Teacher Manual နှင့် Education Policy (ပညာရေးဆိုင်ရာမူဝါဒ) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

ကချင်လူမျိုးဖြစ်သူ မာနော် အသက်(၂၄) နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါး ရောင်းချနေခြင်းဖြစ်သည်။ ၎င်းအတူ ရောင်းဝယ်သူ (၄) ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်နယ်အတွင်း လာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာရေးကျောင်း(၅၅၀)ခန့် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်ကြားရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်သူနှင့်အတူရပ်တည်သည့် CDMဆရာ/မများအား ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ထားသည်။ 

ဒေသတွင်းသတင်း

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့တွင် ယနေ့ မတ်လ ၉ရက်နေ့ နံနက်(၉)နာရီခွဲ ဝန်းကျင်၌ နမ္မတူမြစ်အတွင်း သေဆုံးပြီး ‌မျောပါနေသည့် အမျိုးသား ရုပ်အလောင်း တစ်လောင်းအား တွေ့ ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဒေသတွင်းသတင်း

တအာင်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး  ယမန်နေ့ မတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ (International Women's Day) အခမ်းအနားကို နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန Women Empowerment Program Team မှ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းငေါ့ မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက ဒေသခံ (၆၀၀)ကျော်အား အိမ်တွင်းအကြမ်းဖက်မှုပပျောက်စေရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


ဒေသတွင်းသတင်း

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးအား ကလေးငယ် ၃ ဦးက ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


လူကြည့်အများဆုံး သတင်းများ

15 September 2026