တအာင်းပြည်အတွင်းရှိ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များတွင် အောက်တိုဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဖော်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၇) ဦး၊ လက်ဝယ်ထားရှိသူ (၃) ဦးနှင့် သုံးစွဲသူ (၄) ဦးတို့ကို ဘိန်းဖြူ၊ ယာမဆေးပြားနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုဖတ်ရန်
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်သည် ပန်လုံမှ မန်စံသို့ ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူ မောင်းနှင်လာသည့် ၆-ဘီး ကုန်တင်ယာဥ်နှင့် မန်စံမှ ပန်လုံသို့ ဦးတည် မောင်းနှင်နေသည့် အသက်(၂၀)နှစ်အရွယ် မိုင်းအိုက်လော့ဆိုသူတို့မှ ယာဥ်တိုက်မှုဖြစ်ကာ ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းကြောင့် မန်စံတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူရင်း သေဆုံးသွားသည်။
လူကြည့်အများဆုံး သတင်းများ