တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည် (၂) စစ်ဒေသ နောင်ချိုမြို့၊ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် (PSLF/TNLA) တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ က လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဉီးထပ်မံထိခိုက်ဒဏ်ရာရပြီး (၃)ဉီးသေဆုံးခဲ့သည်။
တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အရပ်သား(၅)ဉီးထိခိုက်ခဲ့ပြီး (၂)ဉီးသေဆုံးကာ (၃)ဉီးထိခိုက်ဒဏ်ရာရှိခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ