ယနေ့ ညနေ (၇)နာရီ၀န်ကျင်အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး အမျိုးသမီ (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထု နေအိမ်(၁၀)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ