မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအ၀င် ပြည်သူလူထု(၇)ဦး ထိမှန်​သေဆုံး၊ (၈)ဦး ဒဏ်ရာရ

ယနေ့ ညနေ (၇)နာရီ၀န်ကျင်အချိန်တွင် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ပေါင် (၂၅၀) ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး အမျိုးသမီ (၃)ဦး ထိမှန်သေဆုံးခဲ့ပြီး၊ပြည်သူလူထု (၈)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ပြည်သူလူထု နေအိမ်(၁၀)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ယခုဖတ်ရန်
သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီးပစ်ခတ်လိုက်သောကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။

သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသည် ခြံရှင်းရာတွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းကို ထိမိ၍ ပေါက်ကွဲပြီးဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

10 October 2025