PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ စက်တင်ဘာလအတွင်း ကျေးရွာပေါင်း (၃၁) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ စက်တင်ဘာလအတွင်း တအာင်းပြည်နယ် မြို့နယ်(၉) ခုမှ ရွာ ၃၁ ရွာရှိ ဒေသခံ (၉၅၄)ဦးအား အမျိုးသမီးနှင့် ကလေးအခွင့်အရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ် နှင့် ပါလင်အုပ်စု၊ ခူန်ခါအုပ်စုနှင့် ကွမ်းစလန်းအုပ်စု တို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်တွင် မိမိတို့ PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာတိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ်တွင် (၆) လကြာ တက်ရောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲခဲ့သူ အမျိုးသား (၅) ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာတွင် လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ဖက်စိုက်တောင်သူများ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေးနှင့် အရည်အသွေးမြင့် လက်ဖက်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်၍ တအာင်း(ပလောင်) လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ လက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်၊ ပန်ခေါကျေးရွာ လမ်းခွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးအတွက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးနှင့် သုံးစွဲသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 September 2026