ခေါင်းစဥ်များ
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီးသေဆုံးသွားခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ ကျောက်မဲခရိုင် ကျောက်မဲမြို့ အင်ကြင်းတောင်တွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တအာင်းပြည်တစ်နေရာတွင် ပလောင်အမျိုးသားတပ်ဦး -PNF ဝန်ထမ်းဟောင်းများ၏ ဂုဏ်ပြုပွဲ အခမ်းနားကို မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ နမ့်ခမ်းခရိုင် နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးအုပ်စု ဖာပြန့်ကျေးရွာ နေအိမ်အတွင်း ဓာတ်ခဲပေါက်ကွဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှု ဖြစ်ပွားသွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်ခရိုင် ကွတ်ခိုင်မြို့နယ် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ ကွတ်ခိုင်မြို့၌ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပခဲ့ရာ PSLF/TNLA ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (တားဇိုက်ဇား)တက်ရောက်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ် ပိန်းလုံအုပ်စု ပင်လုံကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့် သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
Showing 235 to 243 of 802 results
လူကြည့်အများဆုံး သတင်းများ