PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ စက်တင်ဘာလအတွင်း တအာင်းပြည်နယ် မြို့နယ်(၉) ခုမှ ရွာ ၃၁ ရွာရှိ ဒေသခံ (၉၅၄)ဦးအား အမျိုးသမီးနှင့် ကလေးအခွင့်အရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တအာင်းပြည် ပညာရေးကောင်စီ (TLEC) လက်အောက်ရှိ ဆရာ/မများ၏ တအာင်းစာအရည်အချင်း ပိုမိုတိုးတက်လာစေရန်နှင့် ကျောင်းသား/သူများအား ထိရောက်စွာ ပြန်လည်သင်ကြားပို့ချပေးနိုင်စေရန် ရည်ရွယ်၍ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ကာ တအာင်းစာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
၁။ မိမိတို့ PSLF/TNLA အဖွဲ့အစည်း၏ အမည်၊ Logo၊ အလံနှင့် သတင်းအကြောင်းအရာများကို အသုံးပြု၍ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "PSLF/TNLA News" အမည်ဖြင့် Follower (၃,၅၀၀) ကျော်ရှိသော Page အတုတစ်ခု ဖန်တီးထားပြီး၊ မိမိတို့ PSLF/TNLA အဖွဲ့အစည်းအား အယောင်ဆောင်ကာ သတင်းအတုများ၊ သတင်းအမှားများနှင့် လုပ်ကြံဖန်တီးထားသော အကြောင်းအရာများကို ဖြန့်ဝေရေးသားလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
လူကြည့်အများဆုံး သတင်းများ