PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ စက်တင်ဘာလအတွင်း တအာင်းပြည်နယ် မြို့နယ်(၉) ခုမှ ရွာ ၃၁ ရွာရှိ ဒေသခံ (၉၅၄)ဦးအား အမျိုးသမီးနှင့် ကလေးအခွင့်အရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ယခုဖတ်ရန်တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်တွင် ပန်သပြေကျေးရွာနှင့် ပန်ကွမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ဗုံးနှင့် ရော့ကတ်ဗုံးဖြင့် ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)လုံး၊စာသင်ကျောင်း(၁)ကျောင်းနှင့် စေတီပုထိုးများဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
တအာင်းပြည်တွင် သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု (၄၆)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူလူထု (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀၈)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁၂)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ ဓမ္မာရုံ (၁)ရုံ၊ ကား (၇)စီးနှင့် ဆိုင်ကယ် (၃)စီးတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
လူကြည့်အများဆုံး သတင်းများ