ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တအာင်းပြည်ရှိ မြို့နယ် (၉) မြို့နယ်မှ ကျေးရွာပေါင်း (၃၆) ရွာတွင် ပြည်သူလူထု စုစုပေါင်း (၁,၂၉၆) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ဆန်၊ မိုင်းလုံ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းမြို့နယ်တို့တွင် ကျောင်းသား/သူများအား တအာင်းစာကို ပိုမိုထိရောက်စွာ သင်ကြားပို့ချပေးနိုင်ရန်နှင့် ကျောင်းဆရာ/မများ၏ တအာင်းစာအရည်အချင်း မြှင့်တင်နိုင်ရေးအတွက် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် တအာင်းစာစွမ်းရည်မြှင့် သင်တန်းများကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၆) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျနှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးဌာနမှ ဉီးဆောင်ဖွင့်လှစ်ခဲ့သည့် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
လူကြည့်အများဆုံး သတင်းများ