မိုင်းငေါ့မြို့တွင် PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

မိုင်းငေါ့မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ရာ ခရီးသည်ယာဉ်နှင့် ကားတိမ်းမှောက်မှုများကြောင့် လူ (၁) ဦးသေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူများအနေဖြင့် ယာဉ်မောင်းနှင်ရာတွင် အထူးသတိပြုဂရုစိုက်ကြရန်လိုအပ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်အတွင်းရှိ နမ္မတူ၊ မိုင်းဝီး၊ မန်တုံနှင့် နမ့်ဆန်မြို့တို့၌ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးတို့အတွက် PSLF/TNLA ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လမ်းများဖောက်လုပ်ပြုပြင်ခြင်း၊ တံတားဆေးသုတ်ခြင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ရေမြောင်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒေသတွင်းသတင်း

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာလအတွင်း တအာင်းပြည်ရှိ မြို့နယ် (၁၁) မြို့နယ်မှ ကျေးရွာ (၃၆) ရွာရှိ ပြည်သူ စုစုပေါင်း (၁,၁၄၈) ဦးအား ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းပညာပေးမှုများကို နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွက်ခိုင်၊ တန့်ယန်း၊ နမ့်ဖက်ကာ၊ မိုးကုတ်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းယော်နှင့် မိုင်းလုံမြို့နယ်များတွင် လွှမ်းခြုံပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟောပြောဆွေးနွေးပွဲများတွင် အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုစီမံကိန်း၊ ကလေးအခွင့်အရေးအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် Online ကျားဖြန့်ဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးခဲ့ကြပါသည်။

ဒေသတွင်းသတင်း

နမ့်ခမ်းမြို့ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျင်းပခဲ့ရာ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျား တက်ရောက်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် (၁၄) ခုမှ ယှဉ်ပြိုင်ခဲ့ကြပြီး ကောင်းတပ်ရပ်ကွက်အသင်းက ပထမဆု (ကျပ်သိန်း ၄၀) ကို ဆွတ်ခူးရရှိခဲ့သည်။

ဒေသတွင်းသတင်း

Writing တအာင်းပြည် နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အမျိုးသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ ၃၉ ဂရမ်၊ ယာမဆေးပြား ၁၂၈ ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မန်တုံမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

လူကြည့်အများဆုံး သတင်းများ

13 November 2026