ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တအာင်းပြည်ရှိ မြို့နယ် (၉) မြို့နယ်မှ ကျေးရွာပေါင်း (၃၆) ရွာတွင် ပြည်သူလူထု စုစုပေါင်း (၁,၂၉၆) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ယခုဖတ်ရန်တအာင်းလူမျိုးများကြား ထင်ရှားကျော်ကြားသည့် “ဆငည်းဟိုက်ဇိုက်ဇား” သီချင်းကို ဖန်တီးရေးသားခဲ့သူ အသက် (၇၇) နှစ်အရွယ် တေးရေးဆရာ တားမြတ်ထွန်းသည် ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့ ည (၉း၄၅) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
တအာင်းပြည်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာများနှင့် အနီးပတ်ဝန်းကျင်များတွင် ကြက်၊ ဝက် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ အစုလိုက်အပြုံလိုက် ရုတ်တရက် သေဆုံးမှုများ ဖြစ်ပွားနေပါက အထူးသတိပြုကြရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ကြရန် တအာင်းပြည်ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) မှ တိုက်တွန်းနှိုးဆော်ထားပါသည်။
လူကြည့်အများဆုံး သတင်းများ