မိုင်းငေါ့မြို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်
ယခုဖတ်ရန်နမ့်ခမ်းနှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသော (၄၀) ကီလိုမီတာရှည်လျားသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ကုန်တင်ယာဉ်များ ယာယီဖြတ်သန်းခွင့် ပိတ်ထားမည်ဖြစ်သည်။ သို့သော် လုပ်ငန်းဆောင်ရွက်နေစဉ် ကားငယ်များ၊ ဆိုင်ကယ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များမှာမူ ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက တအာင်းပြည်အတွင်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောကြိုးဝိုင်းများ သတ်မှတ်ထိန်းသိမ်းခြင်း၊ တရားမဝင် သစ်ခုတ်ယူမှုနှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုများ တားဆီးဖမ်းဆီးခြင်းတို့အပြင် မြို့နယ်အသီးသီးရှိ သစ်တောပျိုးဥယျာဉ်များ၌ ပျိုးပင်သောင်းဂဏန်းကျော် စိုက်ပျိုးပျိုးထောင်ကာ သစ်တောထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လူကြည့်အများဆုံး သတင်းများ