တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ခမ်းမြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်သော်လည်းကောင်း၊ မန်တုံမြို့နယ်၊ မော်လုံ၊ မန်ပွန်းထပ်ချက်နှင့် ရေပုံးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ ခြုံပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုများမှ စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ