ခေါင်းစဥ်များ
တအာင်းပြည်၊ သီပေါ၊ မိုင်းဝီး၊ ကွတ်ခိုင်၊ မိုးကုတ်၊မိုင်းလုံနှင့် မိုင်းယော်မြို့နယ်တို့တွင် အောက်တိုဘာအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၂၃)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁ရက်နေ့မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မီးဘေးကြိုတင်အသိပညာပေး ဆော်သြမှုများပြုလုပ်ခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့ (၁၃)မိုင်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဇနီးဖြစ်သူမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ ညနေ (၅း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄)လုံးနှင့် စက်သေနတ်များ လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးမိတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ ကျောက်မဲခရိုင် ကျောက်မဲမြို့ အင်ကြင်းတောင်တွင် ဘုရားကျောင်းဆောင်အတွင်း ဖယောင်တိုင်မီးထွန်းရာမှ ကျောင်းဆောင် (၁)ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တအာင်းပြည်တစ်နေရာတွင် ပလောင်အမျိုးသားတပ်ဦး -PNF ဝန်ထမ်းဟောင်းများ၏ ဂုဏ်ပြုပွဲ အခမ်းနားကို မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ နမ့်ခမ်းခရိုင် နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးအုပ်စု ဖာပြန့်ကျေးရွာ နေအိမ်အတွင်း ဓာတ်ခဲပေါက်ကွဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှု ဖြစ်ပွားသွားခဲ့သည်။
Showing 379 to 387 of 925 results
လူကြည့်အများဆုံး သတင်းများ