နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) အုပ်စုမှ စုပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းများပြန်လည်ပြုပြင်နေ

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) စုမှ ဒေသခံများသည် ရွာရန်ပုံငွေနှင့် ယာဉ်ကောက်ခံငွေများဖြင့် ပန်ရေကန်နှင့် နောက်လွယ်ကြား လမ်းမကြီးကို သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ထူကိုယ်ထ စုပေါင်းပြုပြင်နေကြပြီး လွန်ခဲ့သောနှစ်ကလည်း အုမ်းစွမ်နှင့် ကွမ်ဟယ်ကြား လမ်းမကြီးကို ယခုကဲ့သို့ စုပေါင်းပြုပြင်ခဲ့ကြသည်။

ဒေသတွင်းသတင်း

နမ့်ဆန်မြို့တွင် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ်လူငယ်များ စိတ်နှင့်ကိုယ် ကြံ့ခိုင်စေရန် ရည်ရွယ်၍ တအာင်းမြေတက္ကသိုလ်နှင့် စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သင်တန်းသား/သူ (၃၈) ဦး၏ တအာင်းရိုးရာ သိုင်းအကပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က တာဝန်ရှိသူများနှင့် ဒေသခံ (၆၀) ဦး တက်ရောက်ကာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းမုအုပ်စု၊ မိုင်းမုကျေးရွာတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁၁:၁၁ နာရီခန့်က မီးကြိုးခိုးယူရန် ကြိုးပမ်းသည့် အမျိုးသား ၃ ဦးအနက် အသက် ၃၄ နှစ်အရွယ် ဦးအိုက်ပီးသည် လျှပ်စစ်မီးကြိုးဖြတ်ယူစဉ် ဓာတ်လိုက်သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ပါဝင်သူ ဦးစိုင်းထက်အောင် (၃၄ နှစ်) နှင့် ဦးအိုက်ပန် (၃၂ နှစ်) တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေသတွင်းသတင်း

တအာင်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန-WDD တွင် အမျိုးသမီးအခွင့်အရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် Focal Person (၁၀) ဦး အမြန်အလိုရှိနေပါသည်။ ဒေသတွင်းသွားလာနိုင်ပြီး ဆိုင်ကယ်မောင်းတတ်သူ၊ မြန်မာစာ အသင့်အတင့်ရသူနှင့် အမျိုးသမီးရေးရာ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ကာ၊ ရွေးချယ်ခံရပါက (၃) လ အစမ်းခန့်ကာလ အဖြစ် အသိပညာပေးခြင်းနှင့် အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို တာဝန်ယူရမည်ဖြစ်သည်။ လျှောက်လွှာများကို အောက်တိုဘာ (၂၅) ရက် နောက်ဆုံးထား၍ CV၊ မှတ်ပုံတင်မိတ္တူ၊ သင်တန်းဆင်းလက်မှတ်နှင့် ရွာထောက်ခံစာတို့နှင့်အတူ Google Form (သို့မဟုတ်) ရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး၊ အသေးစိတ်ကို ဖုန်း 09-679868441 / 09-673506524 သို့မဟုတ် အီးမေးလ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဒေသတွင်းသတင်း

နမ့်ဆန်မြို့နယ်၌ လက်ဖက်ခူးနေစဉ် ပျားပိတုန်းတုတ်ခံရသည့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သဖြင့် ပျားနှင့် အင်းဆက်များ တုတ်ခံရ၍ ဖူးရောင်အသက်ရှူကြပ်ပါက အနီးဆုံးဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသသင့်သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့နယ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ဦးဆောင်၍ ဒေသခံ (၁၅၀) ဦးကျော်က စက်တင်ဘာလအတွင်း နားဆိုင်း-ခါးရိုး၊ ပန်လုံ-လေလုနှင့် ဟဲလင်းကျေးရွာတို့ရှိ လမ်းမကြီးများပေါ်မှ မြေပြိုမှုများ ရှင်းလင်းခြင်း၊ လမ်းများ ပြုပြင်ခြင်း၊ ခြုံနွယ်ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

ဒေသတွင်းသတင်း

လူဝင်မှုကြီးကြပ်ရေးဌာန (IDTL) ဝန်ထမ်းခေါ်ယူခြင်း အပတ်စဉ် (၂) လျှောက်လွှာများကို စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာ မြို့နယ်ရုံးသို့ ပေးပို့လျှောက်ထားနိုင်ပြီး၊ အောက်တိုဘာ (၁၀) ရက်မှ (၁၅) ရက်အတွင်း လူတွေ့စစ်ဆေးသွားမည်ဖြစ်ကာ အသေးစိတ်ကို ဖုန်း/Viber ၀၉ ၆၆၇ ၇၅၇ ၁၀၂၊ Telegram ၀၉ ၄၂၅ ၄၆၄ ၁၇၁၊ အီးမေးလ် [email protected] သို့မဟုတ် Facebook Messenger တို့မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လူကြည့်အများဆုံး သတင်းများ

28 September 2026